

ထာဝရအစဥ် အသက်ရှင်နိုင်မည်လား
အွန်လိုင်းသတင်းများမှ မှတ်ချက်များကို ဝင်ရောက်ကြည့်ရှုခြင်းက အန္တရာယ်ကြီးလှသည်။ အန္တရာယ်ရှိလည်း ဆွဲဆောင်သည် မဟုတ်ပါလား။ ဤဘဝ၌ အစဥ် ထာဝရအသက်ရှင်သန် နေနိုင်ရန် ကြိုးပမ်းနေသည့် သန်းကြွယ်သူဌေးတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကြည့်ရှုသူတစ်ဦးက “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် အသက်ကိုတွေ့လိမ့်မည်။ ပုံ/ ယေရှု” ဟူ၍ (မ ၁၆:၂၅)ကျမ်းချက်ကို ပို့စ်တင်ခဲ့သည်။ ထိုပို့စ်ကို အခြားသူ တစ်ဦးက “အဲဒီလူအကြောင်း ရေးထားတဲ့စာအုပ်မရှိဘူးလား”ဟု မှတ်ချက်ရေးရာ၊ တတိယလူက “ရှိတာပေါ့။ စိတ်ကူးယဥ်လံကြုပ်စာအုပ်ရှိတယ်”ဟု တုံ့ပြန်ခဲ့သည်။
သခင်ယေရှုကို ယုံကြည်ခြင်းအပေါ် ပြက်ရယ်ပြုသူများ အမြဲပင် ရှိသည်။ တမန်တော်ရှင်ပေါလုသည် အာသင်မြို့သားအပေါင်းတို့အား ခရစ်တော်အကြောင်း ဟောပြောခဲ့စဥ်က ရလဒ်များမှာ ရောထွေးနေခဲ့သည်။ “သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင် အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က ဤအမှုမှာ…